“မိတ်ဆွေတို့လုပ်ငန်းတွေအောင်မြင်ဖို့အတွက် ကယ်တင်ရှင်တစ်ဦး ထွက်ပေါ်လာပါပြီ။” ဒီနေ့တော့ “Octoverse Payment Gateway” လို့ခေါ်တဲ့ ကယ်တင်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ecommerce Website ချင်းတူတယ်ဆိုပေမဲ့ လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေ ပိုမိုတိုးတက်လာဖို့နဲ့ ရောင်းအားတွေတိုးတက်လာဖို့ကတော့ မတူညီနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန် Ecommerce Website တွေမှာ ဈေးဝယ်တဲ့အခါ ကြိုက်နှစ် သက်ရာ Payment Method နဲ့ ပေးချေလို့မရပါဘူး။ တကယ်လို့ လူကြီးမင်းဟာ Payment Methods ပေါင်းများစွာနဲ့ ပေးချေနိုင်တဲ့ Octoverse Payment Gateway နဲ့ ချိတ်ဆက်ထားတယ်ဆိုရင်တော့ ဘယ် Payment နဲ့မဆို ပေးချေနိုင်မှာ ဖြစ်တဲ့အတွက် Customers တွေရဲ့ စိတ်ကျေနပ်မှုကို ရနိုင်သလို Customers အသစ်တွေလည်း ယခင်ကထက် တိုးလာနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ Ecommerce Website (or) Mobile App အဆင်သင့်ရှိနေပြီး Payment Gateway မချိတ်ဆက်ထားသေးဘူးဆိုရင်တော့ ခြေတစ်လှမ်းနောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဒါကြောင့် ခြေတစ်လှမ်းနောက်မကျဘဲ လုပ်ငန်းတွေ ပိုမိုအောင်မြင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ Octoverse Payment Gateway ကို အခုပဲ ချိတ်ဆက်အသုံးပြုလိုက်ပါ။ အခုဆို မိတ်ဆွေတို့လုပ်ငန်းအောင်မြင်ဖို့အတွက် “Octoverse Payment Gateway” ဆိုတဲ့ ကယ်တင်ရှင်လေးကို သိသွားပြီဆိုတော့ ဘယ်လိုတွေ ချိတ်ဆက်အသုံးပြုနိုင်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ www.demo.octoverse.com.mm မှာ စမ်းသပ်နိုင်သလို https://mpss.com.mm မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်နော်…
“Integration Fee (50%) သက်သာခွင့်” >>> (၇)ရက်သာ ကျန်ပါတော့တယ်နော်။ ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ API တစ်ခုတည်းကိုချိတ်ဆက်လိုက်ရုံဖြင့် Payment Methods ပေါင်းများစွာနဲ့ ပေးချေနိုင်မဲ့ Payment Gateway တစ်ခုနဲ့ ချိတ်ဆက်ဖို့ စဉ်းစားထားတယ် ဆိုရင်တော့ ကျွန်တော်တို့ MPSS ရဲ့ Octoverse Payment Gateway (50%) OFF အစီအစဉ် လေးကို Promotion ကာလမပြီးဆုံးခင် အမြန်ဆုံးဆက်သွယ်ဖို့ နှိုးဆော်ချင်ပါတယ်ဗျာ။
“MPSS မှ ငလျင်ဘေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီအားဖြည့်မည့်အစီအစဉ်” မတ်လ(၂၈)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒေသအသီးသီးမှ ပြည်သူ/ပြည်သားများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် MPSS မှ များစွာ ဝမ်းနည်းရပါတယ်။ ဤအခြေအနေအပေါ် တုံ့ပြန်မှုအဖြစ် MPSS မှ ငလျင်ဒဏ်သင့် ပြည်သူပြည်သားများအတွက် တတ်နိုင်သမျှ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် Octoverse Payment Gateway ကို အသုံးပြု၍ အလှူငွေကောက်ခံနိုင်ရေးအတွက် ဖိတ်ခေါ်လျက်ရှိပါတယ်။ အလှူငွေကောက်ခံမည့်အဖွဲ့အစည်းများအနေနှင့် မတူညီသော Mobile Payment Channel များ၊ ဘဏ်များမှ Internet/Mobile Banking၊ MPU Card စနစ်များအပါအဝင် ပေါင်းစုံသော ငွေပေးချေမှု နည်းလမ်းများဖြင့် အလှူငွေ လက်ခံနိုင်ရန် MPSS မှ ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိ ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိသားစုများအတွက် တတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့ ရည်ရွယ် တဲ့အတွက် အဖွဲ့အစည်းများအနေနဲ့ အားမနာတမ်း ဆက်သွယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဤအစီအစဉ်အတွက် MPSS မှ Integration Fee နှင့် Service Fee များကို လုံးဝ ကောက်ခံခြင်းမရှိဘဲ 100% အခမဲ့ ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါတယ်။ ထို့အပြင် MPSS ၏ ယခု အရေးပေါ် အထောက်အပံ့အစီအစဉ်တွင် ပါဝင်အားဖြည့်ပေးကြတဲ့ အဖွဲ့အစည်းများအတွက် နောင်တွင် ဆောင်ရွက်မဲ့ Project များတွင် အထူးအခွင့်အရေးအဖြစ် ပထမဆုံး Project အတွက် Payment Gateway ချိတ်ဆက်ခြင်းကို Integration Fee 50% Discount ဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုခံနေရသည့် မိသားစုများကို စာနာပါ၊ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြပါရန် MPSS မှ ပြန်လည်တိုက်တွန်းအပ်ပါတယ်။ လူမှုအတွက် တာဝန်ယူမှုဖြင့် တာဝန်ရှိသော နည်းပညာ လုပ်ငန်းအဖြစ် MPSS သည် အမြဲတမ်း တတ်အားသရွေ့ ကူညီဖို့ ကြိုးပမ်းလျက်ရှိပါတယ်။